အမိန့်ကြော်ငြာစာအမှတ် ၇ /၂၀၂၂

ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေကြောင်း ကြေညာခြင်း

  1. အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ငွေကြေးစီးဆင်းမှုစနစ်များအပေါ် မှီခိုနေရမှုကို အဆုံးသတ်ရန်၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် သီးခြား လွတ်လပ်၍ လုံခြုံစိတ်ချရသော ငွေကြေးလည်ပတ်မှုယန္တရားတစ်ခုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် မြန်မာကျပ်ငွေနှင့်တူညီစွာ တန်ဖိုးရှိသော ဒစ်ဂျစ်တယ်မြန်မာကျပ်(DMMK-Digital Myanmar Kyat) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထုတ်ဝေလိုက်သည်။
  2. ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat)နှင့် တွဲဖက်အသုံးပြုရမည့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တစ်ပါတည်း ထုတ်ဝေလိုက်သည်။
  3. ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ အစိတ်အပိုင်း(၂)၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ အခန်း(၄)၊ ပုဒ်မ (၂၅)၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

တင်ထွန်းနိုင် 
ပြည်ထောင်စုဝန်ကြီး 
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
အမျိုးသားညီညွတ်‌ရေးအစိုးရ

Share
Share
Share
Scroll to Top