စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) က ဦးဆောင်စီစဥ်သည့် "One Day Challenge- Campaign" အား အသိအမှတ်ပြုဂုဏ်ပြုလွှာ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) က ဦးဆောင်စီစဥ်သည့် "One Day Challenge- Campaign" အား အသိအမှတ်ပြုဂုဏ်ပြုလွှာ

၁။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (တောင်ကိုရီးယား) သည် Myanmar Network အနေဖြင့် အဖွဲ့အစည်းတစ်ခုအား တောင်ကိုရီးယားနိုင်ငံဥပဒေနှင့်အညီ မှတ်ပုံတင်ပြီး နွေဦးတော်လှန်ရေးအတွက် လိုအပ်လျက်ရှိသော ဘဏ္ဍာရန်ပုံငွေများကို တရားဝင် စုဆောင်းကောက်ခံခွင့် ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်။

၂။ ယခုအခါ ကော်မတီသည် ဘဏ္ဍာရန်ပုံငွေများ အရှိန်အဟုန်မြှင့် ကောက်ခံရရှိနိုင်ရေးအတွက် "One Day Challenge" ကမ်ပိန်းအား စတင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

၃။ တောင်ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သူများအနေဖြင့် မိမိတို့၏ တစ်လစာ သမ္မာအာဇီဝဝင်ငွေမှ တစ်ရက်တာဝင်ငွေ/ လုပ်အားခကို Myanmar Network မှတဆင့် NUG သို့ လှုဒါန်းခြင်းသည် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင် အကြွင်းမဲ့ချုပ်ငြိမ်း သွားစေရေးအတွက် လွန်စွာထက်မြတ်ထိရောက်သည့် လုပ်ငန်းစဥ်တစ်ရပ် ဖြစ်ပါသည်။

၄။ "One Day Challenge" ကမ်ပိန်းအား ပူးပေါင်းအားဖြည့်လှုဒါန်းကြသည့် ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ အသိအမှတ်ပြု ​ဂုဏ်ပြုအပ်ပါသည်။

၅။ "One Day Challenge" ကမ်ပိန်းသည် တောင်ကိုရီးယားနိုင်ငံမှ အစပြုပြီး ကမ္ဘာတစ်လွှားရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများအတွက် စံနမူနာပြ ​ရှေ့ပြေးအစီအစဥ်တစ်ရပ်အဖြစ် လမ်းပြဦးဆောင်သွားနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ပါသည်။

ဦးတင်ထွန်းနိုင်
ပြည်ထောင်စုဝန်ကြီး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
အမျိုးသားညီညွတ်‌ရေးအစိုးရ

Share
Share
Share
Scroll to Top