ကြေညာချက် (၆/၂၀၂၂)

NUGPay ၏ Pilot Project ကာလပြီးဆုံးကြောင်း အသိပေးထုတ်ပြန်ကြေညာခြင်း

၁။ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ငွေကြေးပေးချေမှု စနစ်များ ပိုမိုကောင်းမွန်စေရန် နှင့်လွယ်ကူလျင်မြန်စေရန်အတွက် မြန်မာကျပ်ငွေနှင့်တူညီစွာ တန်ဖိုးရှိသော ဒစ်ဂျစ်တယ်မြန်မာကျပ်(DMMK- Digital Myanmar Kyat) ကို ပြည်တွင်းသုံးစွဲမှုအတွက် NUGPay မိုဘိုင်း ပိုက်ဆံအိတ်နှင့်အတူ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အမိန့်ကြော််ငြာစာအမှတ်၊ ၇/၂၀၂၂ ဖြင့် Pilot Project စတင်ကြောင်းကြေငြာခဲ့ပြီးဖြစ်ပါသည်။
၂။ ယခုအခါ NUGPay Pilot Project ၏ Target ပြည့်မီအောင်မြင်ပြီးဆုံးပြီဖြစ်ပြီး Pilot ကာလအတွင်း သုံးစွဲသူမိဘပြည်သူများနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသော NUGPay ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ််ပါသည်။
၃။ သို့ဖြစ်ပါ၍ ပိုမိုဆန်းသစ််သောဝန်ဆောင်မှုများဖြင့် NUGPay ကို ဆက်လက်ဝန်ဆောင်မှုပေးနေမည်ဖြစ်ပြီး မကြာခင်အချိန်တွင် NUGPay Commercial Launch ကို ကြေညာပေးသွားမည်ဖြစ်ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Share
Share
Share
Scroll to Top