ဒုတိယဝန်ကြီး မင်းဇေယျာဦးမှ ကျေးဇူးတင်ဂုဏ်ပြုကြောင်း အမှာစကားပေးပို့ခြင်း
ချစ်ခင်လေးစားရပါသော NUG Support Team မှ နွေဦးတော်လှန်ရေး မိတ်ဆွေများနှင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ပြည်ထောင်စုဖွား ညီအကို၊ မောင်နှမများခင်ဗျား..
မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်း ပျောက်ကွယ်စေရေးအတွက် အရေးပါသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီကို အခွန်မဆောင်ရေးနှင့် NUG ပြည်သူ့အစိုးရ၏ လုပ်ငန်းဆောင်တာများ ပိုမိုထိရောက် အောင်မြင်စေရန် “ငါတို့အစိုးရ ငါတို့အခွန်ဆောင်ကြစို့“ ကြွေးကြော်သံနှင့်အတူ စည်းရုံးလှုံ့ဆော်ရေးတွင် တဘက်တလမ်းမှ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် အားဖြည့်ပေးနေကြသော NUG Support Team မှ တစ်ဦး တစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေဖြင့်လည်း NUG Support Team ၏ စည်းရုံးရေးလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် လိုအပ်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရာတွင် လိုအပ်သည်များကို ပံ့ပိုးကူညီသွားမည် ဖြစ်သည်။
NUG Support Team အနေဖြင့်လည်း “ငါတို့အစိုးရ ငါတို့အခွန်ဆောင်ကြစို့” လုပ်ငန်းစဉ်၏ အရေးပါမှုနှင့် အကျိုးကျေးဇူးရလဒ်များကို အခွန်ထမ်း ပြည်သူများထံသို့ တိကျရှင်းလင်းစွာ သတင်းစကားပါးရင်း ထိရောက်စွာ စည်းရုံးလှုံ့ဆော် နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်။
ဂုဏ်ယူလေးစားလျက်
မင်းဇေယျာဦး
ဒုတိယဝန်ကြီး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

