အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁) ကျင်းပ
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁) ကို ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက် သောကြာနေ့ ညနေ (၃း၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ ဒုတိယဝန်ကြီး မင်းဇေယျာဦးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ရှေ့ဆက် တိုးချဲ့လုပ်ကိုင်သွားမည့် လုပ်ငန်းစဉ်များ၊ မြန်မာပြည်သူလူထု၏ ရပိုင်ခွင့်အကျိုးအမြတ်များ စစ်ကောင်စီထံသို့ မရောက်ရှိရေး တားဆီးသွားမည့် နည်းလမ်းများကို စည်းဝေးဆုံးဖြတ်ခဲ့ကြပါသည်။
Share
Share
Share

