ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် အမေရိကန်ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ

ယနေ့ ၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့ ညပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းဇေယျာဦးတို့သည် လက်ရှိ အကြမ်းဖက်စစ်ကောင်စီကို အထောက်အပံ့ပြုနေသည့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပိုမိုထိရောက်စွာ အရေးယူပိတ်ဆို့နိုင်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့အရေး တက်ကြွစွာ ပါဝင်လျက်ရှိသော အမေရိကန်ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရေးရာ အရာရှိများ၊ ဝန်ထမ်းများ တက်ရောက်ကြပြီး အကြမ်းဖက်စစ်ကောင်စီကို အထောက်အပံ့ပြုနေသော မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းကို ယခုထက်ပို၍ ထိထိရောက်ရောက် ပိတ်ဆို့ အရေးယူဆောင်ရွက်နိုင်ရေးကိစ္စ၊ အကြမ်းဖက်စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းကြောင်းများကို အရေးယူပိတ်ဆို့နိုင်ရန်အတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများ၊ အမေရိကန်ပြည်ထောင်စု၏ လက်ရှိဆောင်ရွက်နေသော အရေးယူပိတ်ဆို့မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စများနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Share
Share
Share
Scroll to Top